၂၆ ဇူလိုင် ၂၀၂၀
၂၀၂၀ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ ( International Day for the conservation of the Mangrove ecosystem ) ၌ ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာတွင် ကျေးရွာသားများနှင့် ပူးပေါင်းပြီး ဒီရေရောက်သစ်ပင်များ စိုက်ပျိုးခဲ့သည်။
ထိုအစီအစဥ်ကို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် ကြံ့ကြံ့ခံနိုင်ရေးအစီအစဉ် (Humanitarian Assistance and Resilience Programme Facility ) ၏ ပံ့ပိုးကူညီမှုဖြင့် ကျောက်ဖြူမြို့နယ်၊ ကျေးရွာ (၈)ရွာတွင် အကောင်အထည်ဖော်လျက်ရှိသော Community Based Managrove Conservation Project မှ ဒီရေရောက်သစ်ပင်များကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။




