မြေပုံမြို့နယ် ကျေးရွာ (၆)ရွာတွင် CRMCO မှ Covid-19 ကာကွယ်တားဆီးရေးပစ္စည်းများကို ဖြန့်ဝေခဲ့သည်။ ကျေးရွာ (၆)ရွာတွင် လက်ဆေးဘေစင် (၁၀)ခု၊ အပူချိန်တိုင်းကရိယာ-သာမိုမီတာ ) (၇)ခု၊ လက်သန့်ဆေးရည် (၁၂၀)ပုလင်း၊ နှာခေါင်းစည်း-Mask (၁၀၀၀)ခု၊ ဆပ်ပြာရည် (၁၀)ပုလင်း၊ လက်ဆေးခွက် (၁၀)ခု တို့ကို ဖြန့်ဝေခဲ့သည်။
Denmark သံရုံး နှင့် Forest Department တို့၏ ပံ့ပိုးရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော “ ပင်လယ်ကမ်းရိုးတန်းနေပြည်သူလူထုက ရာသီဥတုပြောင်းလဲလာမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း (FDCCA) စီမံကိန်းမှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြန့်ဝေပေးနေပုံ



မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာတွင် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြန့်ဝေပေးနေပုံ

