ပင်လယ်နားကျေးရွာတွင် ကွန်ကရစ်မီးဖို တစ်အိမ်လျှင် တစ်လုံးနှုန်းဖြင့် ဖြန့်ဝေခဲ့

၁၃ အောက်တိုဘာ ၂၀၂၀

ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာတွင် တစ်အိမ်လျှင် တစ်လုံးနှုန်းဖြင့် ထင်းလောင်စာလျှေ့ာချရေး ကွန်ကရစ်မီးဖိုများကို CRMCO မှ စတင် ဖြန့်ဝေပေးခဲ့သည်။ ကျန်ရှိသော စီမံကိန်းကျေးရွာများကိုလည်း ကျေးရွာပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။ ထင်းလောင်စာလျှော့ချရေးကွန်ကရစ်မီးဖို အသုံးပြု၍ ချက်ပြုတ်ခြင်းဖြင့် အနည်းဆုံး (၅၀) ရာခိုင်နှုန်းခန့် ထင်းအသုံးပြုမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

ထိုအစီအစဉ်ကို Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာတွင် ကွန်ကရစ်မီးဖိုကို ကော်မတီမှ ဖြန့်ဝေပေးနေပုံ
ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာတွင် ကွန်ကရစ်မီးဖိုကို ကော်မတီမှ ဖြန့်ဝေပေးနေပုံ
ကျေးရွာပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်များမှ အမှတ်တရဓာတ်ပုံ
ကွန်ကရစ်မီးဖိုလက်ခံရရှိပုံ
ကျေးရွာပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်များမှ ကျေးရွာသားများအား လက်တွေ့သရုပ်ပြနေပုံ

Published by

Unknown's avatar

CEDA.ARAKAN

The Community and Environmental Development Association (CEDA) is a non-profit organization based in Kyaukpyu, Rakhine, Myanmar.

Leave a comment