ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအုပ်စု၊ ကျောက်တန်းကျေးရွာတွင် ထင်းလောင်စာလျှော့ချရေးကွန်ကရစ်မီးဖိုဖြန့်ဝေ

၁၈ အောက်တိုဘာ ၂၀၂၀

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင် CRMCO မှ ထင်းလောင်စာလျှော့ချရေးကွန်ကရစ်မီးဖို တစ်အိမ်လျှင် တစ်လုံးကျနှုန်းဖြင့်  ကွန်ကရစ်မီးဖို အလုံး ၂၀၀ ကျော်ကို အောက်တိုဘာ ၁၆ ရက်နေ့က ဖြန့်ဝေပေးခဲ့သည်။ ထင်းလောင်စာလျှော့ချရေး ကွန်ကရစ်မီးဖို အသုံးပြု၍ ချက်ပြုတ်ခြင်းဖြင့် အနည်းဆုံး (၅၀) ရာခိုင်နှုန်းခန့် ထင်းအသုံးပြုမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

၎င်းကို Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

Published by

Unknown's avatar

CEDA.ARAKAN

The Community and Environmental Development Association (CEDA) is a non-profit organization based in Kyaukpyu, Rakhine, Myanmar.

Leave a comment