၂၈ အောက်တိုဘာ ၂၀၂၀
ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာနှင့် လောင်းချွိန်ကျေးရွာ သို့ Covid-19 ကာကွယ်တားဆီးရေး အသုံးပြုရန် ရည်ရွယ်ပြီး တစ်ရွာလျှင် လက်ဆေးဘေစင် (၁)စုံ၊ သာမိုမီတာ (၁)ခု၊ နှာခေါင်းစည်း Mask (၂၅၀၀)ခု၊ ဆပ်ပြာရည် (၁၀)ပုလင်းနှင့် Covid-19 အသိပညာပေးပိုစတာ (၃)ချပ် စီ ယနေ့ ပေးအပ်ခဲ့သည်။
Humanitarian Assistance and Resilience Programme Facility ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။





