၂၀၂၀ ဒီဇင်ဘာ ၃၁
ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်ကြသော ပင်လယ်နား၊ လောင်းချွိန်၊ ကင်းမြောက်၊ အောင်ဇေယျ၊ ကလန့်တဲ၊ မူရွင်း၊ ကုန်ဘောင်တန်း စသည့်ကျေးရွာ (၇)ရွာနှင့် ကျောက်တလုံးကယ်ဆယ်ရေးစခန်းကို Access to Health Fund နှင့် Local Resources Centre တို့၏ ထောက်ပံ့မှုဖြင့် ကာဘော်လစ်ဆပ်ပြာ ၄၅၅၄ ခဲ၊ ဆပ်ပြာရည် ၁၀၀ ပုလင်း၊ နှာခေါင်းစည်း (Mask) ၅၈၀ ဘူး ၂၉၀၀၀ခု၊ အမျိုးသမီးလစဉ်သုံး ၁၀၀၀ ထုပ် နှင့် အတွင်းခံဘောင်းဘီ ၆၀၀ တို့ကို ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့က CEDA မှ ပေးအပ်ခဲ့သည်။






