ကျောက်ဖြူဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း (၁၃၅မဂ္ဂါဝပ်)ကြောင့် ချောင်းပိတ်ဆို့ပြီး အုန်းတောကျေးရွာအား ရေလွှမ်းမိုးမှုမရှိစေရန် ‌ဆွေးနွေးပွဲပြုလုပ်

၃၀ ဇန်နဝါရီ ၂၀၂၂

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဂုံးချိန်ကျေးရွာအနီးတွင် Power China Resources Limited နှင့် Supreme Group of Companies တို့မှ တည်ဆောက်လျက်ရှိသော ကျောက်ဖြူဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း (၁၃၅မဂ္ဂါဝပ်) – Kyauk Phyu Combined Cycle Power Plant (135 MW) ကြောင့် ကျောက်ဖြူချောင်းပိတ်ဆို့ပြီး အုန်းတောကျေးရွာအား ရေလွှမ်းမိုးမှုမရှိစေရေး ဇန်နဝါရီ ၃၀ရက်နေ့က ဆွေးနွေးပွဲတစ်ခုဖြစ်လုပ်ခဲ့သည်။

ကျောက်ဖြူတောင်အနီးမှ စီမံကိန်းဧရိယာကိုဖြတ်ပြီး အုန်းတောရွာ၏ အလယ်ပိုင်းကို ဖြတ်သန်းကာ အုန်းတောချိန်ကာရီသို့ စီးဆင်းနေသော ကျောက်ဖြူချောင်းမှာ စီမံကိန်းကြောင့် လက်ရှိအချိန်တွင်  ပိတ်ဆို့လုနီးပါးဖြစ်နေသည်။ မိုးရာသီကာလတွင် ၎င်းစီမံကိန်းကြောင့် ကျောက်ဖြူချောင်းပိတ်ဆို့ပြီး ကျေးရွာ၏ နေရာအများအပြားကို မိုးရာသီတွင် ရေလွှမ်းမိုးခံရမည်ကို စိုးရိမ်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ အုန်းတောကျေးရွာသူ/သားများအပြင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တက်ရောက်ဆွေးနွေးခဲ့သည်။

Published by

Unknown's avatar

CEDA.ARAKAN

The Community and Environmental Development Association (CEDA) is a non-profit organization based in Kyaukpyu, Rakhine, Myanmar.

Leave a comment