ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)

နှစ်စဥ် ဇွန်လ (၅) ရက်နေ့သည် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဖြစ်သည်။ ယခုနှစ် ၂၀၂၂ ခုနှစ်၏ ဆောင်ပုဒ်မှာ “တစ်ခုတည်းသော မြေကမ္ဘာ (Only One Earth)” ဖြစ်ပါသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို နှစ်စဉ် ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်း၌ ကျင်းပကြသည်။  World Environment Day 2022 ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းတွင် သဘာဝနှင့် သဟဇာတဖြစ်အောင် သန့်ရှင်း၊ စိမ်းလန်းပြီး ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်နိုင်စေရေး မူဝါဒများနှင့် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုထားပြီး #OnlyOneEarth ၏ ဆောင်ပုဒ်ကို အသုံးပြုထားသည်။

ကမ္ဘာကြီးသည် မတူညီသော သက်ရှိမျိုးစိတ်များအတွက် နေထိုင်ကျက်စားရာအိမ်ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံးသည်လည်း အစားအစာ၊ လေ၊ ရေနှင့် အခြား လိုအပ်ချက်များအတွက် ပတ်ဝန်းကျင်အပေါ် မှီခိုနေကြရသည်။  ထိုကြောင့် ကျွန်ုပ်တို၏ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းအတွက် အရေးကြီးသည်။

၁၉၇၂ ခုနှစ်မှစပြီး အဆိပ်သင့် ဓာတုညစ်ညမ်းမှု၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်နှင့် အရှိန်အဟုန်မြှင့်တင်ရန်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။#WorldEnvironmentDay2022 #OnlyOneEarth#Environment #Protection #Restoration

Leave a comment