Community Forest status in Kyaukpyu Township

23 July 2023

All of the community forests in Kyaukpyu Township were previously used as fish farming dykes.  It could not be implemented due to damage to the fish farming dyke and was abandoned. They applied for permission to establish a community forest (CF) in 2014, hoping to benefit from it. However, according to CEDA’s CF Assessment, some CFUGs are planning to re-implement the fish farming dyke because CF did not receive the anticipated benefits by 2023.

Community Forest Assessment

7 June 2023/CEDA

Community Forests Assessment (mangrove) in Kyaukphyu District, Rakhine State in 2022 From December 2023 until May, it was implemented by the Community and Environmental Development Association (CEDA). CEDA implemented Community Forest Assessment 14 for FGD and 28 for mapping in Kyaukpyu and Ramree townships.

The objectives of the assessment are as follows:

  • Pilot methodology to obtain reliable CF boundaries.
  • Gain insights into the effectiveness of CFs (esp. in Mangrove areas).
  • Provide valuable lessons learned and recommendations for communities and CF practitioners.
  • Provide insights and recommendations useful for policy, planning and future CF development in Myanmar.

The main study components of the assessment are as follows:

  • Compilation & review of secondary data (incl. CF master list, CF scan documents, RFPPF and PA boundaries, mangrove cover & change)
  • Participatory CF boundary mapping.
  • Focus Group Discussion with CFUGs.

The focus group discussion in community forest assessment was supported by the United Nations Development Programme (UNDP), and the participatory CF boundary mapping process was supported by the Centre for Development and Environment of the University of Bern.

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)

နှစ်စဥ် ဇွန်လ (၅) ရက်နေ့သည် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဖြစ်သည်။ ယခုနှစ် ၂၀၂၂ ခုနှစ်၏ ဆောင်ပုဒ်မှာ “တစ်ခုတည်းသော မြေကမ္ဘာ (Only One Earth)” ဖြစ်ပါသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို နှစ်စဉ် ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်း၌ ကျင်းပကြသည်။  World Environment Day 2022 ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းတွင် သဘာဝနှင့် သဟဇာတဖြစ်အောင် သန့်ရှင်း၊ စိမ်းလန်းပြီး ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်နိုင်စေရေး မူဝါဒများနှင့် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုထားပြီး #OnlyOneEarth ၏ ဆောင်ပုဒ်ကို အသုံးပြုထားသည်။

ကမ္ဘာကြီးသည် မတူညီသော သက်ရှိမျိုးစိတ်များအတွက် နေထိုင်ကျက်စားရာအိမ်ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံးသည်လည်း အစားအစာ၊ လေ၊ ရေနှင့် အခြား လိုအပ်ချက်များအတွက် ပတ်ဝန်းကျင်အပေါ် မှီခိုနေကြရသည်။  ထိုကြောင့် ကျွန်ုပ်တို၏ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းအတွက် အရေးကြီးသည်။

၁၉၇၂ ခုနှစ်မှစပြီး အဆိပ်သင့် ဓာတုညစ်ညမ်းမှု၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်နှင့် အရှိန်အဟုန်မြှင့်တင်ရန်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။#WorldEnvironmentDay2022 #OnlyOneEarth#Environment #Protection #Restoration

GBV awareness raising

Awareness raising on gender-based violence was conducted in 8 villages in April and May 2022. The program will continue in 33 villages and 1 IDP Camp in 6 townships, rakhine state.

ကျား-မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးခြင်းကို ၂၀၂၂ ခုနှစ် ဧပြီလနှင့် မေလတွင် ကျေးရွာပေါင်း ၈ ရွာ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ အစီအစဉ်ကို ရခိုင်ပြည်နယ် ၆ မြို့နယ်ရှိ ကျေးရွာ ၃၃ ရွာနှင့် IDP စခန်း ၁ ခုတွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ကျောက်ဖြူဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း (၁၃၅မဂ္ဂါဝပ်)ကြောင့် ချောင်းပိတ်ဆို့ပြီး အုန်းတောကျေးရွာအား ရေလွှမ်းမိုးမှုမရှိစေရန် ‌ဆွေးနွေးပွဲပြုလုပ်

၃၀ ဇန်နဝါရီ ၂၀၂၂

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဂုံးချိန်ကျေးရွာအနီးတွင် Power China Resources Limited နှင့် Supreme Group of Companies တို့မှ တည်ဆောက်လျက်ရှိသော ကျောက်ဖြူဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း (၁၃၅မဂ္ဂါဝပ်) – Kyauk Phyu Combined Cycle Power Plant (135 MW) ကြောင့် ကျောက်ဖြူချောင်းပိတ်ဆို့ပြီး အုန်းတောကျေးရွာအား ရေလွှမ်းမိုးမှုမရှိစေရေး ဇန်နဝါရီ ၃၀ရက်နေ့က ဆွေးနွေးပွဲတစ်ခုဖြစ်လုပ်ခဲ့သည်။

ကျောက်ဖြူတောင်အနီးမှ စီမံကိန်းဧရိယာကိုဖြတ်ပြီး အုန်းတောရွာ၏ အလယ်ပိုင်းကို ဖြတ်သန်းကာ အုန်းတောချိန်ကာရီသို့ စီးဆင်းနေသော ကျောက်ဖြူချောင်းမှာ စီမံကိန်းကြောင့် လက်ရှိအချိန်တွင်  ပိတ်ဆို့လုနီးပါးဖြစ်နေသည်။ မိုးရာသီကာလတွင် ၎င်းစီမံကိန်းကြောင့် ကျောက်ဖြူချောင်းပိတ်ဆို့ပြီး ကျေးရွာ၏ နေရာအများအပြားကို မိုးရာသီတွင် ရေလွှမ်းမိုးခံရမည်ကို စိုးရိမ်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ အုန်းတောကျေးရွာသူ/သားများအပြင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တက်ရောက်ဆွေးနွေးခဲ့သည်။