ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အသုံးပြုရန်အတွက် ပစ္စည်းအချို့ထောက်ပံ့ခဲ့

၃၀ အောက်တိုဘာ ၂၀၂၁

လူထုနှင့် သဘာ၀ပတ်ဝန်းကျင်ဖွံ့ဖြိုးရေးအဖွဲ့ (CEDA) မှ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အသုံးပြုရန်အတွက် အမ်းမြို့နယ် ကျေးရွာအချို့သို့  နှာခေါင်းစည်း (Mask) လက်သန့်ဆေးရည်၊ အောက်ဆီဂျင်တိုင်းကိရိယာနှင့် ကိုဗစ်-၁၉ အသိပညာပေးဗီနိုင်ပိုစတာတို့ကို ထောက်ပံ့ပေးခဲ့သည်။

Provides some equipment for Covid-19 prevention use

30 October 2021

CEDA has provided masks, hand sanitizers, oximeters and Covid-19 awareness vinyl posters to some villages in Ann Township, Rakhine State, for Covid-19 prevention.

အမ်းမြို့နယ်၊ ကျောက်မြောင်းကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွင် အသုံးပြုရန် ပစ္စည်းများ ပေးအပ်နေပုံ

ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွင်အသုံးပြုရန် ပစ္စည်းများထောက်ပံ့

ကျောက်ဖြူမြို့နယ်၊ ကျေးရွာ ()ရွာတွင် ကိုဗစ်၁၉ ကာကွယ်တားဆီးရေးပစ္စည်းများကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလတွင် ထောက်ပံ့ပေးခဲ့သည်။ နှာခေါင်းစည်း – Mask (၇၆၀)ဘူး၊ လက်သန့်ဆေးရည် (၄၀၀)ပုလင်း၊ အောက်ဆီဂျင်တိုင်းကိရိယာ (၁၆)ခုနှင့် ကိုဗစ်၁၉ အသိပညာပေးဗီနိုင်းပိုစတာ ()ချပ်ကို ထောက်ပံ့ပေးခဲ့သည်။

Covid-19 protective equipment provided

Covid-19 protective equipment was provided to eight villages in Kyaukphyu
Township in October 2021. 760 masks, 400 bottles of hand sanitizer, 16
oximeters and 8 Covid-19 awareness vinyl posters were provided.

International Day for Disaster Reduction

Today is International Day for Disaster Reduction. Observed annually on 13 October, the day celebrates how individuals are raising awareness about the importance of reining in the risks they face, as well as reducing their exposure to disasters.

ဝန်ဖိုက်ဒီရေတောကို အရေးတကြီး ထိန်းသိမ်းရန် လိုအပ်နေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ရှိသည့် ဝန်ဖိုက်ဒီရေတောမှာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးဖြစ်သည်။လက်ရှိကာလတွင် ထို ဒီရေတော မှာ တောပြုန်းတီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ၎င်း ဒီရေတော ပြုန်းတီးရခြင်း၏ အကြောင်းအရင်းမှာ စီးပွားရေးလုပ်ငန်းသုံး ထင်း ထုတ်လုပ်ခြင်း၊ ငါး ကန် နှင့် လယ်မြေတာတမံများ တိုးချဲ့မှုများပြားလာ၍ဖြစ်သည်။ လက်ရှိကာလတွင် ဝန်ဖိုက်ဒီရေတောကို တစ်မျိုးသားလုံး၏ အရေးကြီးသော အမွှေအနှစ်အဖြစ် တန်ဖိုးထားထိန်းသိမ်းရန် လိုအပ်နေသည်။

Wun Baik Mangrove Forest in Ramree Township, Rakhine State is the second largest in Southeast Asia and is currently in danger of deforestation. The reason for the destruction of the mangrove forest is the production of commercial firewood; This is due to the expansion of fish ponds and farm dams. Currently, the Wun Baik Mangrove forest needs to be valued and preserved as an important national heritage.

ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းစဉ်

ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းစဉ်တွင် ဒေသခံ ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုမှာ အလွန်အရေးပါသည်။ ဒေသခံ ရပ်ရွာလူထု၏ ပူပေါင်းပါဝင်မှု ရရှိလာစေရန် အသိပညာပေးခြင်းကလည်း အရေးကြီးသည်။ ဒေသခံများ ပူးပေါင်းပါဝင်မှု အားနည်းပါက အောင်မြင်ရန် ခက်ခဲနေလိမ့်မည်။