ထင်းလောင်စာလျှော့ချရေး ကွန်ကရစ်မီးဖို

ထင်းလောင်စာ တစ်ဝက်ခန့်သက်သာတဲ့ ကွန်ကရစ်မီးဖိုနဲ့ နည်းပညာကို လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးလက်ဒေသတွေကို ဖြန့်ဝေပေးခြင်းဖြင့်လည်း ဒီရေတောထိန်းသိမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်သည်။

ကိုဗစ်-၁၉ ကာလ စားနပ်ရိက္ခာအခက်အခဲကြုံနေရသူများအတွက် ငွေကြေးလှူဒါန်းခဲ့

ကျောက်ဖြူတွင် ကိုဗစ်-၁၉ ကာလ စားနပ်ရိက္ခာ အခက်အခဲကြုံနေရသော ဆင်းရဲသားပြည်သူများအတွက် အကူအညီပေးနေသော ရခိုင်မျိုးစောင့်အဖွဲ့ (ARG) နှင့် ကျောက်ဖြူလူငယ်ပရဟိတအဖွဲ့ထံသို့ လူထုနှင့်သဘာဝပတ်ဝန်းကျင်ဖွံဖြိုးရေးအဖွဲ့ ( Community and Environmental Development Association -CEDA ) မှ အလှူငွေ တစ်သိန်း ကျပ်(၁၀၀၀၀၀ိ)ကို လှူဒါန်းခဲ့သည်။

13 August 2021

PPE ဝတ်စုံ ( ၆) စုံ လှူဒါန်း

ခုနှစ်စဥ်ကြယ်နာရေးကူညီမှုအသင်း၊ စနဲမြို့ သို့ CEDA မှ PPE ဝတ်စုံ (၆)စုံ လှူဒါန်းခဲ့သည်။

ရပ်ရွာလူထုအခြေပြုဒီရေတောထိန်းသိမ်းရေးလုပ်ငန်းစဉ် စာစောင်ဖြန့်ဝေခြင်း

၂၀၂၁ ဇန်နဝါရီ ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျေးရွာ (၈)ရွာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ကြံ့ကြံ့ခံနိုင်ရေးအစီအစဉ် (Humanitarian Assistance and Resilience Programme Facility) ၏ ထောက်ပံ့ရန်ပုံငွေဖြင့် ၂၀၁၉ခုနှစ် ဇူလိုင်လ မှ ၂၀၂၀ခုနှစ် ဒီဇင်ဘာလထိ ၁၈ လတာကာလ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ရပ်ရွာလူထုအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project )၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံကို ဖော်ပြထားသော စာစောင်ဖြစ်သည်။ ၎င်းစာစောင်များကို ဒေသခံ အဖွဲ့အစည်းများကိုလည်း ဖြန့်ဝေပေးသွားမည်။

This is a publication about the activities and experience of the Community Based Mangrove Conservation Project, which was implemented for 18 months from July 2019 to December 2020 with the support of Humanitarian Assistance and Resilience Program Facility in 8 villages in Kyaukphyu Township, Rakhine State.

ကိုဗစ်ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများပေးအပ်ခဲ့

၂၀၂၀ ဒီဇင်ဘာ ၃၁

ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်ကြသော ပင်လယ်နား၊ လောင်းချွိန်၊ ကင်းမြောက်၊ အောင်ဇေယျ၊ ကလန့်တဲ၊ မူရွင်း၊ ကုန်ဘောင်တန်း စသည့်ကျေးရွာ (၇)ရွာနှင့် ကျောက်တလုံးကယ်ဆယ်ရေးစခန်းကို Access to Health Fund နှင့် Local Resources Centre တို့၏ ထောက်ပံ့မှုဖြင့် ကာဘော်လစ်ဆပ်ပြာ ၄၅၅၄ ခဲ၊ ဆပ်ပြာရည် ၁၀၀ ပုလင်း၊ နှာခေါင်းစည်း (Mask) ၅၈၀ ဘူး ၂၉၀၀၀ခု၊ အမျိုးသမီးလစဉ်သုံး  ၁၀၀၀ ထုပ် နှင့် အတွင်းခံဘောင်းဘီ ၆၀၀ တို့ကို ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၉ရက်နေ့က CEDA မှ ပေးအပ်ခဲ့သည်။