ဒီရေတောထိန်းသိမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့

၂၀၂၀ ဒီဇင်ဘာ ၁၇

ဒီရေတောထိန်းသိမ်းရေးဆွေးနွေးပွဲကို ကျောက်ဖြူမြို့ CEDA ရုံးတွင် ဒီဇင်ဘာလ ၁၇ရက်နေ့က ပြုလုပ်ခဲ့သည်။ ကျောက်ဖြူမြို့နယ်ရှိ စီမံကိန်း ကျေးရွာ(၈)ရွာတွင် အကောင်အထည်ဖော်ခဲ့သည့် ဒီရေတောများကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ပြုလုပ်ခဲ့တာဖြစ်သည်။ ထိုဆွေးနွေးပွဲကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ကြံ့ကြံ့ခံနိုင်ရေးအစီအစဉ် ( Humanitarian Assistance and Resilience Programme Facility ) ၏ ပံ့ပိုး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ရပ်ရွာလူထုအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်းမှ ပြုလုပ်ခဲ့တာဖြစ်သည်။ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ကျေးရွာကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Mangrove Conservation Workshop

2020 December 17

Mangrove Conservation Workshop was held at CEDA office in Kyaukphyu on 17 December. The mangrove forests implemented in eight project villages in Kyaukphyu Township were designed for sustainable conservation. The workshop was organized by a community-based mangrove conservation project funded by the Humanitarian Assistance and Resilience Program Facility. Relevant village representatives, Officials from Environmental Conservation Department and Forestry Department attended.

ကျောက်ဖြူမြို့နယ် ကျေးရွာအချို့သို့ Covid-19 ကာကွယ်ရေးအသုံးပြုရန် ပစ္စည်းများ ထပ်မံပေးအပ်

၂၆ နိုင်ဝင်ဘာ ၂၀၂၀

ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်၊ ကင်းအောင်ဇေယျ၊ လောင်းချွိန်နှင့် ပင်လယ်နား ကျေးရွာများသို့ သွားရောက်ပြီး Covid-19 ကာကွယ်ရေးအသုံးပြုရန် ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) နှင့် ဆပ်ပြာရည်များကို ယနေ့ ထပ်မံ ပေးအပ်ခဲ့သည်။

Our organization visited villages such as Kin Mrauk, Kin Aung Zaya, Laung Chawin and Pin Lel Nar in Kyaukphyu Township and provided them with Mask and Soap liquid bottles for Covid-19 prevention.

Kyauk Ta Lone IDP Camp (Kyaukpyu Township) provided Covid-19 protective equipment

21 November 2020

Our organization provided Kyauk Ta Lone IDP Camp ( Kyaukpyu Township ) with Mask 5,000 units, Soap liquid 40 bottles, the hand wash basin 2 sets, 1 Thermometer and 6 pcs Covid-19 Aware Vinyl posters funded by Access to Health Fund and Local Resource Center – LRC.

ရန်ကုန်မှ ကျောက်ဖြူသို့ ပြန်လည်ရောက်ရှိလာသူများ နေထိုင်ရာ Quarantine Center အတွက် ငွေကြေးအချို့လှူဒါန်းခဲ့

၂၀ နိုင်ဝင်ဘာ ၂၀၂၀

Covid-19 ကာလ အခက်အခဲကြောင့် ရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ နေရပ် ပြန်လည်ရောက်ရှိလာသူ ပြည်သူများမှာ Quarantine Center (ကျောက်ဖြူ) တွင် ၇ ရက် နေထိုင်ရသည်။ ထိုသူများ၏ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရန်အတွက် CEDA အဖွဲ့ဝင်များမှ ကျပ်ငွေ ၁၅၀,၀၀၀ ကို Kyaukpyu Volunteer Team မှတစ်ဆင့် လှူဒါန်းခဲ့သည်။

Due to Covid-19, people returning from Yangon to Kyaukpyu have to stay at the Quarantine Center (Kyaukpyu) for 7 days. CEDA members donated 150,000 kyats through the Kyaukpyu Volunteer Team to meet their needs.


ရန်ကုန် မှ ကျောက်ဖြူသို့ ရောက်ရှိလာပြီး Quarantine Center (Kyaukpyu) တွင် ၇ရက်ပြည့်လို့ နေအိမ်ပြန်ခွင့်ရရှိသူများပုံ (20.11.2020)

စစ်ဘေးရှောင်များအတွက် စားသောက်ကုန်များလှူဒါန်းခဲ့

၆ နိုင်ဝင်ဘာ ၂၀၂၀

ကျောက်ဖြူမြို့၊ မြို့နယ်ပရဟိတကျောင်းရှိ စစ်ဘေးရှောင်များအတွက် အဖွဲ့သူ အဖွဲ့သားများ၏ စုပေါင်းငွေဖြင့် ဆန် (၃၀)တောင်း၊ ငရုတ်သီးခြောက် (၁၀)ပိသာ၊  စားဆီ (၁၂)ပုလင်း၊ ပဲ (၂၀)ပိသာ၊ ကြာဆန် (၅)ပိသာ၊ ငါးခြောက် (၁၀)ပိသာ နှင့် နှာခေါင်းစည်း- Mask (၁,၀၀၀)ခု တို့အား လှူဒါန်းခဲ့သည်။

CEDA members donated rice 30 baskets, dired chili 10 viss, edible oil 12 bottles, beans 20 viss, vermicelli 5 viss, dired fish 10 viss and mask 1000 for IDPs fleeing the war in Kyaukphyu.