Covid-19ကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသော အခြေခံလူတန်းစားများအား ကျောက်ဖြူတွင် စားသောက်ကုန်များ ပေးအပ်ခဲ့

၃၁ အောက်တိုဘာ ၂၀၂၀

Covid-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် စားဝတ်နေရေး အခက်အခဲ့ဖြစ်နေကြသော အခြေခံလူတန်းစားများအား အိမ်ခြေ (၅၀)စာအတွက် အခြေခံစားသောက်ကုန်များကို ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် Kyaukpyu Volunteer Group နှင့်အတူ ပူးပေါင်းပြီး ဖြန့်ဝေပေးခဲ့သည်။

ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်နှင့် ကလဘာတောင်ရပ်ကွက်ရှိ အိမ်ခြေ (၅၀)အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးခြောက်၊ ငနီတူခြောက်နှင့် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း (mask ) တို့ကို ဖြန့်ဝေပေးခဲ့သည်။

၎င်းအစီအစဉ်ကို Access to Health Fund နှင့် Local Resource Centre တို့၏ ပံ့ပိုးရန်ပုံငွေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

In collaboration with Kyaukpyu Volunteer Group, on the full moon day of Thidingyut today, the basic food items for 50 households were distributed to the poor people who are having difficulty living and eating due to the Covid-19 effect.

Distribution of basic food items such as rice, salt, Edible oil, dried chili, dried fish and Covid-19 protection mask to 50 households in Taung Yin and Kalabar Taung wards of Kyaukphyu.

The program was funded by the Access to Health Fund and the Local Resource Center.

ကျောက်ဖြူမြို့နယ် ပင်လယ်နားကျေးရွာနှင့် လောင်းချွိန်ကျေးရွာသို့ ကာကွယ်တားဆီးရေး အသုံးပြုရန် ပစ္စည်းများ ပေးအပ်ခဲ့

၂၈ အောက်တိုဘာ ၂၀၂၀

ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာနှင့် လောင်းချွိန်ကျေးရွာ သို့ Covid-19 ကာကွယ်တားဆီးရေး အသုံးပြုရန် ရည်ရွယ်ပြီး တစ်ရွာလျှင် လက်ဆေးဘေစင် (၁)စုံ၊ သာမိုမီတာ (၁)ခု၊ နှာခေါင်းစည်း Mask (၂၅၀၀)ခု၊ ဆပ်ပြာရည် (၁၀)ပုလင်းနှင့် Covid-19 အသိပညာပေးပိုစတာ (၃)ချပ် စီ ယနေ့ ပေးအပ်ခဲ့သည်။

Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် ကြံချိုင်ကျေးရွာသို့ Covid-19 ကာကွယ်တားဆီးရေးပစ္စည်းများဖြန့်ဝေခဲ့

၂၀၂၀ခုနှစ် အောက်တိုဘာလ ၂၇ ရက်

ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာ သို့သွားရောက်ကာ လက်ဆေးဘေစင် (၂)စုံ၊ သာမိုမီတာ (၁)ခု၊ နှာခေါင်းစည်း Mask ( ၂၀၀၀)ခု၊ ဆပ်ပြာရည် (၁၀)ပုလင်းနှင့် Covid-19 အသိပညာပေးပိုစတာ (၃)ချပ် စသည့် ပစ္စည်းများကို CRMCO မှ ယနေ့ ဖြန့်ဝေပေးခဲ့သည်။

Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်ကျေးရွာအချို့တွင် ဒီရေရောက်သစ်ပင်များ စိုက်ပျိုးလျက်ရှိ

၂၁ အောက်တိုဘာ ၂၀၂၀

ကျောက်ဖြူမြို့နယ်ရှိ စီမံကိန်းကျေးရွာ (၈)ရွာတွင် CRMCO မှ ဒီရေရောက်သစ်ပင်များကို စိုက်ပျိုးလျက်ရှိသည်။ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်ကြသော မအူပြိန်၊ တောင်မော်၊ အလယ်ဒွိန်နှင့် ၀ပြေ စသည့်ကျေးရွာများတွင် CRMCO မှ လွန်ခဲ့သောလက ဒီရေရောက်သစ်ပင်များ စိုက်ပျိုးခဲ့ပုံများကို ဖော်ပြလိုက်သည်။

၎င်းကို Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

CRMCO is planting mangrove trees in eight project villages in Kyaukphyu Township. The CRMCO planted mangrove trees last month in villages such as Ma Au Pyein, Taung Maw, Ah Lel Dwein and Wa Pyay in Kyaukphyu Township.

The activity was developed by the Community Based Mangrove Conservation Project, funded by Humanitarian Assistance and Resilience Programme Facility .

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအုပ်စု၊ ကျောက်တန်းကျေးရွာတွင် ထင်းလောင်စာလျှော့ချရေးကွန်ကရစ်မီးဖိုဖြန့်ဝေ

၁၈ အောက်တိုဘာ ၂၀၂၀

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင် CRMCO မှ ထင်းလောင်စာလျှော့ချရေးကွန်ကရစ်မီးဖို တစ်အိမ်လျှင် တစ်လုံးကျနှုန်းဖြင့်  ကွန်ကရစ်မီးဖို အလုံး ၂၀၀ ကျော်ကို အောက်တိုဘာ ၁၆ ရက်နေ့က ဖြန့်ဝေပေးခဲ့သည်။ ထင်းလောင်စာလျှော့ချရေး ကွန်ကရစ်မီးဖို အသုံးပြု၍ ချက်ပြုတ်ခြင်းဖြင့် အနည်းဆုံး (၅၀) ရာခိုင်နှုန်းခန့် ထင်းအသုံးပြုမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

၎င်းကို Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။