ပင်လယ်နားကျေးရွာတွင် ကွန်ကရစ်မီးဖို တစ်အိမ်လျှင် တစ်လုံးနှုန်းဖြင့် ဖြန့်ဝေခဲ့

၁၃ အောက်တိုဘာ ၂၀၂၀

ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာတွင် တစ်အိမ်လျှင် တစ်လုံးနှုန်းဖြင့် ထင်းလောင်စာလျှေ့ာချရေး ကွန်ကရစ်မီးဖိုများကို CRMCO မှ စတင် ဖြန့်ဝေပေးခဲ့သည်။ ကျန်ရှိသော စီမံကိန်းကျေးရွာများကိုလည်း ကျေးရွာပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။ ထင်းလောင်စာလျှော့ချရေးကွန်ကရစ်မီးဖို အသုံးပြု၍ ချက်ပြုတ်ခြင်းဖြင့် အနည်းဆုံး (၅၀) ရာခိုင်နှုန်းခန့် ထင်းအသုံးပြုမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

ထိုအစီအစဉ်ကို Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော ဒေသခံပြည်သူအခြေပြုဒီရေတောထိန်းသိမ်းရေးစီမံကိန်း (Community Based Mangrove Conservation Project) မှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာတွင် ကွန်ကရစ်မီးဖိုကို ကော်မတီမှ ဖြန့်ဝေပေးနေပုံ
ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာတွင် ကွန်ကရစ်မီးဖိုကို ကော်မတီမှ ဖြန့်ဝေပေးနေပုံ
ကျေးရွာပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်များမှ အမှတ်တရဓာတ်ပုံ
ကွန်ကရစ်မီးဖိုလက်ခံရရှိပုံ
ကျေးရွာပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်များမှ ကျေးရွာသားများအား လက်တွေ့သရုပ်ပြနေပုံ

လက်ဆေးဘေစင် ဖြန့်ဝေ

ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ကျေးရွာနှင့် ကင်းအောင်ဇေယျကျေးရွာသို့ သွားရောက်ကာ တစ်ရွာလျှင် လက်ဆေးဘေစင် နှစ်ခု ဖြန့်ဝေပေးခဲ့သည်။

Village Resilience Plan – VRP

CRMCO is implementing Village Resilience Plan – VRP in 13 villages in Myebon Township. The Climate Change Adaptation in Coastal Communities of Myanmar – FDCCA project is being implemented with the support of the Embassy of Denmark in Myanmar and the Forest Department.

မြေပုံမြို့နယ် ကျေးရွာ (၆)ရွာတွင် CRMCO မှ Covid-19 ကာကွယ်တားဆီးရေးပစ္စည်းများကို ဖြန့်ဝေခဲ့

မြေပုံမြို့နယ် ကျေးရွာ (၆)ရွာတွင် CRMCO မှ Covid-19 ကာကွယ်တားဆီးရေးပစ္စည်းများကို ဖြန့်ဝေခဲ့သည်။ ကျေးရွာ (၆)ရွာတွင် လက်ဆေးဘေစင် (၁၀)ခု၊ အပူချိန်တိုင်းကရိယာ-သာမိုမီတာ ) (၇)ခု၊ လက်သန့်ဆေးရည် (၁၂၀)ပုလင်း၊ နှာခေါင်းစည်း-Mask (၁၀၀၀)ခု၊ ဆပ်ပြာရည် (၁၀)ပုလင်း၊ လက်ဆေးခွက် (၁၀)ခု တို့ကို ဖြန့်ဝေခဲ့သည်။

Denmark သံရုံး နှင့် Forest Department တို့၏ ပံ့ပိုးရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော “ ပင်လယ်ကမ်းရိုးတန်းနေပြည်သူလူထုက ရာသီဥတုပြောင်းလဲလာမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း (FDCCA) စီမံကိန်းမှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။


မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြန့်ဝေပေးနေပုံ
မြေပုံမြို့နယ်၊ စိတ္တရကျေးရွာတွင် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြန့်ဝေပေးနေပုံ
မြေပုံမြို့နယ်၊ ညောင်ခက္ကန်ကျေးရွာတွင် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြန့်ဝေပေးနေပုံ

မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာတွင် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြန့်ဝေပေးနေပုံ
မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာတွင် Covid-19 ကာကွယ်တားဆီးရေးပစ္စည်းဖြန့်ဝေပေးနေပုံ

ကျောက်တန်းကျေးရွာတွင် ဒီရေရောက် သစ်ပင်များ စိုက်ပျိုး

ကျောက်ဖြူမြို့နယ်တွင် CRMCO မှ Humanitarian Assistance and Resilience Programme Facility ၏ ပံ့ပိုးရန်ပုံငွေဖြင့် ဒေသခံပြည်သူအခြေပြု ဒီရေတောထိန်းသိမ်းရေးစီမံကိန်းကို  ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်း စီမံကိန်းမှ ကျောက်ဖြူမြို့နယ် ကျေးရွာ (၈)ရွာတွင် စိုက်ပျိုးရာသီတွင် အချိန်မီ ပြီးစီးနိုင်ရန် ဒီရေရောက်သစ်ပင်များကို ဒေသခံ ကျေးရွာသားများနှင့် ပူးပေါင်းပြီး စိုက်ပျိုးလျက်ရှိသည်။ ယခုမြင်တွေ့ရသော ပုံများမှာ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအုပ်စု၊ ကျောက်တန်းကျေးရွာတွင် ဒီရေတော သစ်ပင်များ စိုက်ပျိုးနေပုံဖြစ်သည်။

In Kyaukpyu Township, CRMCO continues to implement a community based mangrove conservation project funded by Humanitarian Assistance and Resilience Programme Facility .  The project is planting mangrove trees in collaboration with local villagers to ensure timely completion in eight villages in Kyaupyu Township.  This picture shows mangrove trees being planted in Kyaukpyu Village, Maday Island, Kyauk Tan Village.