စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၅၀ အကြာ ဒီရေတောစိုက်ခင်း

ကျောက်ဖြူမြို့နယ်၊ ပင်လယ်နားကျေးရွာရှိ ဇူလိုင်လ ၂၆ရက်နေ့က စိုက်ပျိုးခဲ့သော ဒီရေတောစိုက်ခင်း​ဖြစ်သည်။

 စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၅၀ အကြာတွင် မြင်တွေ့ရသော ရေတောစိုက်ခင်း ပုံဖြစ်သည်။

Humanitarian Assistance and Resilience Programme Facility  ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းမှ စိုက်ပျိုးခြင်းဖြစ်သည်။

Covid-19 ကာကွယ်တားဆီးရေး အသုံးပြုရန် လက်ဆေးဘေစင် ဖြန့်ဝေ

၃ အောက်တိုဘာ ၂၀၂၀

Covid-19 ကာကွယ်တားဆီးရေး အသုံးပြုရန်အတွက် ကျောက်ဖြူမြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် မအူပြိန်ကျေးရွာသို့ တစ်ရွာလျှင်  လက်ဆေးဘေစင် (၂)စုံ ဖြန့်ဝေခဲ့သည်။

Access to Health Fund နှင့် Local Resources Centre တို့ ထောက်ပံ့ရံပုံငွေဖြင့် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လက်ဆေးဘေစင် ဖြန့်ဝေခဲ့ပုံ
ကျောက်ဖြူမြို့နယ်၊ မအူပြိန်ကျေးရွာတွင် လက်ဆေးဘေစင် ဖြန့်ဝေခဲ့ပုံ

Covid-19 ကာကွယ်တားဆီးရေးအတွက် လက်ဆေးဘေစင်နှင့် ပစ္စည်းများပေးအပ်

၁၉ စက်တင်ဘာ  ၂၀၂၀

Covid-19 ကာကွယ်တားဆီးရေး ရည်ရွယ်ချက်ဖြင့် ကျောက်ဖြူမြို့နယ်၊ လောင်းချွိန်ကျေးရွာနှင့် ကုန်ဘောင်ကျေးရွာ သို့ လက်ဆေးဘေစင်နှင့် ဆပ်ပြာရည်၊ Covid-19 အသိပညာပေးပိုစတာ တို့ကို သွားရောက်ပေးအပ်ခဲ့သည်။

Covid-19 ကာကွယ်တားဆီးရေး ရည်ရွယ်၍ လက်ဆေးဘေစင်ထောက်ပံ့

၁၈ စက်တင်ဘာ ၂၀၂၀

Covid-19 ကာကွယ်တားဆီးရေး ရည်ရွယ်၍ ကျောက်ဖြူမြို့နယ်ရှိ မူရွင်းကျေးရွာ၊ ကလန့်တဲကျေးရွာနှင့် ပင်လယ်နားကျေးရွာသို့သွားရောက်ပြီး သံဘောင်ဖြင့် ပြုလုပ်ထားသော လက်ဆေးဘေစင် (၂)ခုစီ ပံ့ပိုးခဲ့သည်။ နောက်ထပ် ကျေးရွာအချို့ကိုလည်း ထောက်ပံ့ရန် စီစဉ်နေသည်။